သတင်းများ

ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ဗီဇမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူမူဝန်ထမ်း ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ သို့သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် အသိ ပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကျင်းပ
Jan 21,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမက(မူလွန်)-၂၀ ကျောင်းတို့ ပူးပေါင်းကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြော ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ဘူးသီးတောင်မြို့၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 21,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ဘူးသီးတောင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းမြို့နယ်အတွင်းရှိ တောင်သူများအား သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြသ
Jan 21,2022
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ကုန်းရွာကျေးရွာ ကွင်းအမှတ်(၈၃၁/က) တောင်သူဇော်ထိုက်၏ စိုက်ခင်းအတွင်း မိုးစပါးသီးနှံရိတ်သိမ်းပြီး ကျွဲ၊ နွားစာနှင့် မွေးမြူရေးတိရစာ္ဆန်များအတွက် လုံလောက်စွာသိုလှောင်ကာ ပိုလျံသည့် ပင်ကြွင်းကျံများဖြင့် သဘာဝမြေဩဇာပြုလုပ်၍ မိုးကြိုရာသီတွင် စိုက်ပျိုးသီးနှံများ အရည်အသွေး/ ထွက်နှုန်းကောင်းစေရန် သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းကို ယနေ့နံနက်ပိုင်းက သွားရောက်ပြသပေးခဲ့ကြကြောင်း သိရသည်။
ဗန်းမောက်မြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြ
Jan 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကာကွယ်သရုပ်ပြခြင်းနှင့် အသိပညာပေးခြင်းတို့ကို ယမန်နေ့က မြို့မဈေး၌ ကျင်းပခဲ့သည်။
လက်ပံတန်းမြိုနယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ (၉၂၉)ဦး ဝင်ရောက်ဖြေဆိုမည်
Jan 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်အထိ ပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုရန် (၇၃၂)ဦးနှင့် ပြင်ပဖြေဆိုသူ (၁၉၇) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၉၂၉)ဦးတို့က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် အတွက် လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ
Jan 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ချောက်မြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိ
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့မှစ၍ နံနက် ၅ နာရီမှမွန်းလွဲ ၂ နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။