ကျောက်တံတား ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ တန်ခိုးကြီး ဘုရားဆူးလေစေတီတော်နှင့် ပရိဝုဏ်တခုလုံးအား ယနေ့နံနက်(၀၆:၀၀)နာရီ အချိန်မှ စတင်၍ ဘုရားရင်ပြင်တွင် ဦးစွာ တံမြက်စည်းလှည်းခြင်း၊ ရေဆေးခြင်းများ ပြုလုပ်ပြီး ဘုရားပရိဝုဏ် ပတ်လည်အား ရေဆေးခြင်းဖြင့်ကုသိုလ်ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်ပန်းဥယျာဉ်ဌာနမှ ဒုကြီးကြပ်ရေးမှူး ဒေါ်အိအိဝင်းမှ အနီးကပ်ကြီးကြပ်ပြီး ပန်းဥယျာဉ်ဌာန ဝန်ထမ်းများမှ စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
စိုးယုလှိုင်