ကံမမြို့နယ်တွင် ပင်စင်လစာငွေများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ ထုတ်ပေးလျက်ရှိ

ကံမ ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ  အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာ ငွေများကို ယနေ့ နံနက်ပိုင်းမှ  စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ရပ်ကွက် ကျေးရွာများမှ ပင်စင်စားများအား  နေ့အလိုက် ခွဲခြားသတ်မှတ်၍    စနစ်တကျ  ပင်စင်လစာငွေများ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ပင်စင်လာရောက် ထုတ်ယူသူများအနေဖြင့် လိုက်နာရန် စည်းကမ်းချက်များအား အသိပေးကြေညာထားရှိပြီး ကံမမြို့နယ်တွင် မြို့ပြ ပင်စင် ၆၂၃ ဦး၊ ကာကွယ်ရေး ပင်စင် ၁၃၆ ဦး၊   နိုင်ငံရေးပင်စင် ၉၆ ဦး နှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား ဦး စုစုပေါင်း ပင်စင်စား ၈၆၃ ဦး ရှိကြောင်း  ကံမမြို့ မြန်မာ့စီးပွားရေး ဘဏ်ခွဲမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)