(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မန္တလေး ဇန်နဝါရီ ၂၁

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမက(မူလွန်)-၂၀ ကျောင်းတို့ ပူးပေါင်းကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသားလူငယ်၊ မောင်မယ်များအနေဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်စေရန်နှင့် မိမိနိုင်ငံ၏ လွတ်လပ်ရေးကို  အစဉ်ထာရချစ်မြတ်နိုး၍ ထိန်းသိမ်းတတ်စေရန်၊ ထူးချွန်ထက်မြက်သည့် နိုင်ငံ့ သားကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ နေ့ထူးနေ့မြတ်အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားခဲ့သည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့  အမက(မူလွန်)-၂၀ကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း (၁၀) ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)