သတင်းများ

ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့်  ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်
Dec 03,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့နံနက် (၉) နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မီးသတ်ဦးစီးဌာန၏ ရေပြင်အသက်ကယ်လေ့ကျင့်ရေး သင်တန်းဆင်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
Dec 03,2021
ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့ ဧရာရပ်ကွက် မနောဧရာရေကူးကန်၌ နိုဝင်ဘာ ၁၅ ရက်မှ စတင် ဖွင့်လှစ်ခဲ့သည့် ရေပြင်အသက်ကယ်လေ့ကျင့်ရေးသင်တန်းဆင်းပွဲနှင့် သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။
ကော့ကရိတ်မြို့၌ စာရေးဆရာ ဦးဘုန်း (ဓာတု) ရေးသားသည့် သုည အတွေးရသစာစု စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 03,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ဦးဘုန်း (ဓာတု) ရေးသားသည့် သုည အတွေးရသစာစုစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁၂ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင်  စာဖတ်ဝိုင်းကျင်းပ
Dec 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌  ယနေ့ နံနက် ၁၁ နာရီက  “လူငယ်နဲ့ အပြောင်းအလဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဆေး ထိုးနှံနိုင်ရေး အသိပညာပေး ကြေညာ
Dec 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာ ၄ ရက်နေ့ နံနက် ၉ နာရီတွင် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(ခွဲ)ကျွန်းတောတို့၌ ဒုတိယအကြိမ် (ဒုတိယအသုတ်) အဖြစ် ထိုးနှံပေးမည်ဖြစ်ကြောင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် အသိပေး ကြေညာလျက်ရှိကြောင်း သိရသည်။
လဲချားမြို့တွင် Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေး
Dec 03,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများနှင့် ကလေး‌ငယ်များအတွက် အသိပညာ ဗဟုသုတ တိုးပွား စေရန် Online မှတစ်ဆင့် အသိပညာပေး အစီစဉ်များကို ရိုက်ကူး၍ မြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ဆောက်ရွက်ပေးလျက်ရှိ​သည်။
ဆင်ပေါင်ဝဲမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ
Dec 03,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအစည်း အဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေး အပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ် ခဲ့သည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း ၂.၀၆ ရာခိုင်နှုန်းထိကျဆင်းလာ
Dec 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ် တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရောဂါပိုး တွေ့ရှိမှု ၂.၀၆ ရာခိုင်နှုန်းထိ ကျဆင်းလာကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။