ကံမမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင် စာအုပ်အား စာဖတ်ဝိုင်း ဆောင်ရွက်

ကံမ  ဇန်နဝါရီ  ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Clup) အဖွဲ့တို့ပူးပေါင်း၍ စာရေးမခင်စောတင့်၏ ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်  စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးခဲ့ကြသည်။

ရှေ့ဦးစွာ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သန်းသန်းဆင့်က ဒေသခံပြည်သူများ စာအုပ် စာစောင်ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင်ရင်းနှီးမှု ရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး (Book Club) အဖွဲ့ဝင်များက စာရေးဆရာမ ခင်စောတင့်၏  ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင် စာအုပ်မှအတွေးအမြင်များ အသိများ အကျိုးကျေးဇူးများကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)