ငပုတောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိ
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟင်းအိုးချောင်း ကျေးရွာအုပ်စု ရေငံ-သရက်ကုန်းကျေးရွာတွင် အသက်(၁၈)နှစ်နှင့်အထက် တစ်ကြိမ်တစ်ခါမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသော ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ငပုတောမြို့နယ် ရေငံ-သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယနေ့ နံနက်(၁၀) နာရီအချိန်က Covid Sheild အမျိုးအစား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။