လွိုင်လင် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ဟိုနားကျေးရွာ ယာအိမ်မှူး နေအိမ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက် အကောင် ၁၀၀ ဝယ်ယူ၊ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး D.r အောင်ဆန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ကာ မြို့နယ်ဦးစီးမှူး D.r စိုင်းအေးလှိုင်က ဒေသကြက်ဖြန့်ဖြူး ပေးအပ်ရခြင်းအပေါ် ရှင်းလင်း ပြောကြားပေးခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများမှ တစ်အိမ်ထောင်လျှင် ၁၀ ကောင်နှုန်းဖြင့် ဒေသကြက်အကောင် (၁၀၀)အား ကျေးရွာနေ ပြည်သူများအား အသီးသီး ပေးအပ်ခဲ့ကာ ဒေသခံ ဦးစိုင်းဆန်ဖေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)