ဖား​ဆောင်းမြို့နယ်၌ စာ​ပေချစ်သူများစာဖတ်ဝိုင်း ပြုလုပ်

ဖား​ဆောင်း ဇန်နဝါရီ ၂၁

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်  ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနနှင့် စာအုပ်စာ​ပေချစ်မြတ်နိုးသူများ အသင်း (Book club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယ​​နေ့နံနက်(၁၁)နာရီက ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းသဲနု​အောင်က စာ​ပေချစ်မြတ်နိုးသူများအချင်းချင်း စာဖတ်သူ အကြိုက် စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ​ရောဂါကာကွယ်၊ ထိန်းချုပ်​ရေးစည်းကမ်းချက်များနှင့်အညီ လစဥ်​ဆောင်ရွက်မည် ဖြစ်​ကြောင်းပြောကြားသည်။

ထို့​နောက်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးမှူးဒေါ်နန်းသဲနု​အောင်က စာ​ရေးဆရာ ​​​မောင်​ကျေးဇူးရေးသားသည့် လူငယ်​တွေလမ်းမမှားနှင့်မူးယစ်​ဆေးဝါးအန္တရာယ် စာအုပ်မှ ဘိန်းစား​ဆေးငတ်​ဆေးမပြတ်သည့်နှယ် ခေါင်းစဉ်ကို ဦး​ဆောင်ဆွေး​နွေးခဲ့ပြီး (book club) အဖွဲ့ဝင် ဦးဉာဏ်လင်း​ကျော်က ယစ်မျိုးငါးပါး ​ရှောင်ကြဉ်ငြား၊ စီးပွားချမ်းသာရာ ​ခေါင်းစဉ်ဖြင့် ဆွေး​နွေးခဲ့သည်။

ဆက်လက်၍ (book club) အဖွဲ့ဝင် ဦး​အောင်​​ကျော်ထွန်းက မူးယစ်အန္တရာယ် ပြည့်ရန်စွယ်၊ ကာကွယ်တိုက်ဖျက် လက်ချင်းဆက် ​ခေါင်းစဉ်ဖြင့် လည်း​ကောင်း၊ အဖွဲ့ဝင် ဦးသန်းထွန်းသိန်းက မူးယစ်​ဆေးဝါး အလွဲသုံးစားမှုရလဒ် ​ခေါင်းစဥ်ဖြင့်လည်း​ကောင်း အသီးသီးပြန်လည်​ဆွေး​နွေးခဲ့ကြသည်။

ထို့​​နောက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်၊ စာ​စောင်များ ပြသထားရှိမှုကိုလည်း စာ​ပေချစ်မြတ်နိုးသူများမှ ကြည့်ရှုအား​ပေးခဲ့ကြကြောင်း သိရသည်။

နန်းသဲနု​​​​အောင်(ဖား​ဆောင်း)