နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း ကတ္တရာလမ်းတိုးချဲ့ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိုးနဲ   ဇန်နဝါရီ   ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် နမ့်စန်-မိုးနဲ-မိုင်းတုံ -မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း မူလအကျယ် ၁၂ ပေမှ ၁၈ ပေကတ္တရာလမ်းတိုးချဲ့ခင်းခြင်း လုပ်ငန်းကို မြို့နယ်လမ်းဦးစီးဌာနမှ ထာဝန်ယူဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကို ၂၀၂၁-၂၀၂၂ (၆)လဘဏ္ဍာရေးနှစ်  ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၆၆ ဒသမ ၅ သန်းဖြင့် မူလလမ်းအကျယ် ၁၂ ပေမှ ၁၈ ပေ ၊အရှည် ၅၄ ဒသမ ၆၅ ကီလိုမီတာမှ ၅၅ ဒသမ ၂၅ အထိ၊ ၀ ဒသမ ၆ ကီလိုမီတာကို လမ်ဝဲ/ယာ တစ်ဖက် သုံးပေစီ တိုးချဲ့ကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းဆောငရွက်မှုများ ရာခိုင်နှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှမှူး ဦးမိုးလွင်၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)