နတ်မောက် ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်က မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေး ဦးစီးဌာနတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများကဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုနှံပေးရာတွင် ကာကွယ်ဆေး လာရောက် ထိုးနှံသူများအား ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဇန်နဝါရီလ (၂၃) ရက်နေ့ထိ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံသူ(၁၁၀၀)ဦး၊ ဒုတိယအကြိမ် ထိုးနှံသူ(၁၇၄၂)ဦး စုစုပေါင်း(၁၈၄၂)ဦး လာရောက် ထိုးနှံခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သင်းသင်းမြတ်