ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပွင့်ဖြူ   ဇန်နဝါရီလ   ၂၄

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်တွင်  ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေး ခြင်းများ စဉ်ဆက်မပြတ်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့က ဆေးထိုးစုရပ်(၄)နေရာတွင် ဒေသခံပြည်သူများက အေးချမ်းစွာ လာရောက်ထိုးနှံလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။

မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်း ကျေးရွာနိဗ္ဗာန်(တ)ကျောင်း၊ ကုန်းဇောင်းကျေးရွာတိုက်နယ်ဆေးရုံ၊ မဲဇလီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင်  သတ်မှတ် စည်းကမ်း ချက်များနှင့် အညီ စနစ်တကျထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး ယမန်နေ့က သတ်မှတ်ဆေးထိုးစုရပ်(၄)နေရာတွင် ပထမအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ  ၂၀၉ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ဦးရေ ၁၂၉၉ ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

ထို့သို့ ကာကွယ်းဆေးထိုးနှံပေးရာ၌ ဆေးထိုးစုရပ်အလိုက် ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများ အဆင်ပြေစွာထိုးနှံနိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer)    အဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေကြောင်း  သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )