သတင်းများ

ပုလောမြို့နယ်တွင် ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းကို  ယမန်နေ့ညနေ (၂)နာရီအချိန်မှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့သည်။
မြန်အောင်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံနက်က မြန်အောင်မြို့အမှတ် (၅) ရပ်ကွက်အတွင်းရှိ ရပ်ကွက်ပြည်သူများ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးကာကွယ်ရေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်
Jan 24,2022
ကျောကပ်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် ဇီးချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း၌ ကျင်းပ ကြောင်း သိရသည်။
အောင်လံမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်
Jan 24,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ” Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲပြသ
Jan 24,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်ရုံး၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြိုနယ်တွင်(Omicron)အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်း ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်
Jan 24,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်(Omicron)အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ညောင်ဦးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ်၁၉ရောဂါကာကွယ်ရေးနှင့် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး သတိပြုကာကွယ်ရေး အသိပေးနှိုးဆော်လျက်ရှိ
Jan 24,2022
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအား သတိပြုကာကွယ် နိုင်စေရန် ယနေ့ နံနက် (၉) နာရီက ရွာသာကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
ကျုံပျော်မြို့နယ်၊ ကုန်းမဲဇလီကျေးရွာတွင် ယ‌နေ့ ပြည်သူ(၃၃၅)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံ
Jan 24,2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၂၄ ရက်က ကုန်းမဲဇလီကျေးရွာတွင် ပြည်သူ (၃၃၅)ဦး ကိုဗစ်-၁၉ ကာကွယ်ဆေးများ လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။