သတင်းများ

ကမမောင်းမြို့၌ (၇၅) နှစ်​​မြောက် (စိန်ရတု) ပြည်​ထောင်စု​နေ့အထိမ်းအမှတ် ရပ်ကွက်နှင့် ​ကျေးရွာ​ပေါင်းစုံ ​ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 24,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ တွင်(၇၅)နှစ်​မြောက် (စိန်ရတု) ပြည်​ထောင်စု​နေ့ အထိမ်းအမှတ်အဖြစ် နယ်ခြားစောင့်တပ်နှင့် မြို့ဘောလုံး အားကစားတိုးတက်‌ရေးကော်မတီ ဥက္ကဋ္ဌဖလားရပ်ကွက်နှင့် ​ကျေးရွာ​ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင်ံ့ပွဲ အခမ်းအနားကို ယမန်နေ့ ည​နေ ၃ နာရီ အချိန်က ကမမောင်းမြို့ မြို့မ ​ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံနိုင်စေရန်အတွက် ဆေးထိုးအဖွဲ့များဖြင့် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိ
Jan 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆေးထိုးနှံမှုရာနှုန်းပြည့် လွှမ်းခြုံနိုင်စေရန်အတွက်၊ Phase(3,4,5) Second Dose ထိုးနှံရန် ကျန်ရှိသူများနှင့် Phase -6 First Dose ထိုးနှံခြင်း များကို၊ ဇန်နဝါရီ (၂၃) ရက်နေ့မှစတင်၍ ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ဖျာပုံမြို့ အမှတ်(၁၄)ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ဆောင်စို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဖျာပုံမြို့၊ အမှတ်(၁၄)ရပ်ကွက် ဓမ္မသုခဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ် (Community   Centre)တွင်   Book   Club  / Women  Club များက စာဖတ်ဝိုင်းပြုလုပ်
Jan 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ အမျိုးသမီး/လူငယ်များအနေ ဖြင့် ခေါင်းဆောင်မှုသဘောတရားများကို သိရှိစေရန် ရည်ရွယ်၍ Book   Club  / Women  Club အဖွဲ့ဝင်များက စာရေးဆရာညီညီနိုင် မြန်မာပြန်ဆိုထားသည့် အုပ်ချုပ်ရေးနီတိများနှင့် ခေါင်းဆောင်မှုသဘောတရားများအား ယနေ့နံနက်(၁၀)နာရီအချိန်က သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်  Community      Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင် Community Centre တွင်  စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jan 24,2022
ကလေးများအား ငယ်ရွယ်စဉ်ကတည်းက စာပေဖတ်ရှုသည့် အလေ့အထရှင်သန်စေရန်၊ စာအုပ်စာပေကို အသံနေအသံထား၊ အဖြတ်အတောက်မှန်ကန်စွာဖြင့် စနစ်တကျ ဖတ်ရှုတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို  မန္တလေးခရိုင် Community Centre စာဖတ်ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ မြို့ပေါ်ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်၊ မီးလောင်မှုလျှော့ နည်းစေရန်၊အများပြည်သူများ နေ့စဉ်သတိရှိစေရန် မြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ညနေ(၄)နာရီအချိန်က မီးသတ်ကားဖြင့် မြို့ပေါ်ရပ်ကွက်(၃)ခုတွင် လမ်းဆုံလမ်းခွနေရာများ၊ လမ်းများတွင် လိုက်လံအသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်းသိရ သည်။
အိမ်မဲမြို့နယ်တွင် အခြေခံ ရှေးဦးပြုစုခြင်း သင်တန်းများအား ကျောင်းသား/သူများကို သင်ကြားပေး
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်းများအား ကျောင်းသား/သူများကို ယမန်နေ့က ဖွင်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် စာအုပ်ပြပွဲ၊ စာဖတ်ဝိုင်းပြုလုပ်
Jan 24,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ်အဖြစ်  ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်‌နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူလူငယ်များအား စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။