ပေါက်ခေါင်းမြို့နယ်တွင် ကာကွယ်‌ေဆးမထိုးရ‌ေသးသည့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်‌ဆေး(Sinopharm) ပထမအကြိမ်ထိုးနှံ

ပေါက်ခေါင်း  ဇန်နဝါရီ   ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ကာကွယ်ဆေးမထိုးရသေးသည့် အသက်(၁၈) အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို  ယနေ့နံနက်(၁၀)နာရီမှစတင်၍ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်အသီးသီးတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်  ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် အ‌ကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိ‌နေသောဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဈေးသည်များ၊ ပို့ဆောင်ရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ဝန်ထမ်းများကို ထိုးနှံပေးခြင်းဖြစ်ရာ  ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့တို့မှပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရန်  စီစဉ်ဆောင်ရွက်ထားရှိပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)