ကျိုက်လတ် ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ရုံး Community Centre ၌ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၁)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ နည်းစနစ်မှူး ဦးကျော်နိုင်က အားကစားနှင့်ကာယပညာဦးစီးဌာန၏ ရည်ရွယ်ချက် (၃)ချက်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အတွက် ဌာနကဆောင်ရွက်လျက်ရှိသည့် အားကစားနည်းများအကြောင်း၊ မျိုးဆက်သစ် အားကစားသမားများ ထွက်လာစေရေး အတွက် အခြေခံပညာကျောင်းများတွင် အားကစားအသိပညာ ပြန့်ပွားရေး ဆောင်ရွက်မှုများ အကြောင်းများ ဆွေးနွေးပြောကြား ခဲ့သည်။
ကျိုက်လတ်မြို့နယ်ရုံး၏ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်လမ်းများ နှင့်အညီ အသိပညာပေး Talk Show ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ နံရံကပ်စာစောင်ပြပွဲ စာအုပ်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌေးဌေးလှိုင်