ပင်လောင်း ဇန်နဝါရီ ၂၄
ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ လာရောက်ဖတ်ရှု့ငှားရမ်းရန် အခက်အခဲရှိသည့် စာဖတ်ဝါသနာရှင်များ၊ ဌာနဆိုင်ရာများအား စာအုပ်စာစောင် ဖတ်ရှုလေ့လာနိုင်ရန် ပိုမို အဆင်ပြေစေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် များ ငှားရမ်းပေးမည်ဖြစ်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက စာဖတ်ဝါသနာရှင်များ၊ ဌာနဆိုင်ရာ များထံအရောက် တစ်ပတ်လျှင် တစ်ကြိမ်ဖြင့် စာအုပ်စာစောင်များ လဲလှယ်ငှားရမ်းပေးမည်ဖြစ်ပြီး ယနက်နံနက်ပိုင်းက မြို့နယ်သမဝါယဦးစီးဌာနသို့ သွားရောက် ၍ စာအုပ်စာစောင်းများ ငှာရမ်းပေးခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)