ကော့ကရိတ် ဇန်နဝါရီ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြည်သူများအနေဖြင့် သိသင့်သိထိုက်သည့်အကြောင်းအရာများ၊ နေ့ထူးနေ့မြတ်များ၊ အသိပေးကြေညာချက်စသည့် အသိပညာပေး နံရံကပ် စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လျှပ်စစ်အန္တရာယ်နှင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်အန္တရာယ်သတိပြုရမည့်အချက်များ၊ လျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲနိုင်မည့်နည်းလမ်းများ၊ လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များ စသည့် အကြောင်းအရာများကို ပြသဆောင်ရွက်ထားရာ ပြည်သူများ၊ စာဖတ်ပရိသတ်များမှ လာရောက်ကြည့်ရှု လေ့ လာလျက်ရှိကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)