မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင် စင်များ(ပထမအကြိမ်) လေလံတင်ရောင်းချ

မင်းလှ ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များ(ပထမအကြိမ်) လေလံတင်ရောင်းချခြင်းကို သီရိရတနာခန်းမ၌ ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဌ ဦးလှဌေးက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဒေါ်သီတာဝင်းက လေလံစည်းကမ်းချက်များကို ဖတ်ကြားပြောကြားသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွက် (ပထမအကြိမ်) အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့်ပတ်သက်၍ သားသတ်အခွင့်အရေး လိုင်စင်များအား အညီအမျှ ခွဲဝေချထားပေးခြင်းစနစ်ဖြင့်လည်းကောင်း၊ အပေါင်ဆိုင်လိုင်စင်များအား သက်တမ်းတိုးစနစ်ဖြင့်လည်းကောင်း၊ မြို့နယ်ဝင်ကြေး ဘီးကောက်လိုင်စင်များကို BOT စနစ်ရရှိသော ကုမ္ပဏီများအား သက်တမ်းတိုးစနစ်ဖြင့်လည်းကောင်း၊ ကျန်အခွင့်အရေး လိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့်လည်းကောင်း လေလံတင်ရောင်းချခဲ့ရာ လိုင်စင်စည်းကမ်း ညွှန်ကြားချက်များနှင့် ညီညွတ်သော ဒေသခံပြည်သူများက ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ(ပထမအကြိမ်) လေလံတင်ရောင်းချခြင်းဖြင့် တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေ(၄၉၉၄၂၀၀၀) ကျပ်ရရှိခဲ့ကြောင်း၊ ကျန်ရှိသောလေလံကိစ္စရပ်များကို ဒုတိယအကြိမ် လေလံတင်ရောင်းချခြင်းကို ဖေဖေါ်ဝါရီလ ၂ရက်နေ့တွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ မင်းလှ