ရမ်းဗြဲမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် လူထုအခြပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် ကျင်းပ

ရမ်းဗြဲ ဇန်နဝါရီ ၂၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရုံးဝန်ထမ်းများ ဗဟုသုတတိုးပွားပြီး စာအုပ်စာပေများ လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်လာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရုံးတွင်းစာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်   ရှေ့ဦးစွာ    ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးသက်နောင်ထွန်းမှ ရုံးဝန်ထမ်းများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာ ဝန်ထမ်းများအနေဖြင့် စာပေဖတ်ရှု လေ့လာသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာရေးနှင့် ဗဟုသုတများ တိုးပွားလာစေရေးကို ရည်ရွယ်လျက်ပြုလုပ်ခြင်း ဖြစ်ကြောင်း တစ်ပါတ်လျှင် တစ်ကြိမ်နှုန်းဖြင့်  ဆောင်ရွက်ကြပါရန်တို့ကို တိုက်တွန်းပြောကြားပါသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လုပ်သားရုပ်သံ၊ ဦးမောင်မောင်ဦးမှ စာရေးဆရာ ချစ်နိုင်ရေးသားသည့် ‘ကံကောင်းနည်းလက်ဆောင်စာအုပ်အားဖတ်ကြားပေးကာ ဝန်ထမ်းများမှ အပြန်အလှန် ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

အောင်နိုင်(ပြန်/ဆက်)