မအူပင်ခရိုင်တွင် လျှပ်စစ်အန္တရာယ်နှင့် လျှပ်စစ်ဓာတ်အားချွေတာရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသ

မအူပင်   ဇန်နဝါရီ   ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အသိပညာပေး နံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက လျှပ်စစ်အန္တရာယ်နှင့် လျှပ်စစ်ဓာတ်အားချွေတာရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်အန္တရာယ် သတိပြုရမည့် အချက်များ၊ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများ၊ လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ စသည့်အကြောင်းအရာများ ပါဝင်သော နံရံကပ်ပြဘုတ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသဆောင် ရွက်ထား ကြောင်းသိရသည်။

ထိုသို့ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ခိုင်