အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီ အချိန်က ဆောင်ရွက် ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် ဘုရင့်နောင်လမ်းတွင် သဲခဲထိုး သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ရေမြောင်းများ ရှင်းခြင်း၊ သစ်ကိုင်း ခြောက်များနှင့် အမှိုက်များ ရှင်းခြင်းနှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် လမ်းနှင့်မလွတ် ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မင်းဓမ္မလမ်း ဝဲ/ယာ သန့်ရှင်းရေး ပြုလုပ် ခြင်းစသည့် လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးဌာန ပတ်ဝန်းကျင်သန့်ရှင်းရေးမှ(၁၀)ဦး၊ ရေစီး ရေလာမှ(၁၀)ဦး၊ လမ်း/တံတား(၁၀)ဦး၊ ပန်းဥယျာဉ်မှ(၁၀)ဦးနှင့် မြို့နယ်ရုံးမှ(၅)ဦး စုစုပေါင်း ဝန်ထမ်း(၄၅)ဦးတို့က ဆောင်ရွက်ခဲ့ကြပြီး ရရှိလာသော အမှိုက်များကို ထိန်ပင်အမှိုက်ကုန်းသို့ အမှိုက်သယ်ကားဖြင့် စနစ်တကျ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဇွဲထက်ကို(ပြန်/ဆက်)