ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပူပေါင်းဖောက် အားကစားနည်းပြိုင်ပွဲ ကျင်းပ

ပန်းတနော်    ဇန်နဝါရီ    ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်တနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးငယ်များ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉)နာရီက ပူပေါင်းဖောက် အားကစားနည်းပြိုင်ပွဲ ပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် ပြည်သူ့စာကြည့်တိုက်  ကလေးစာဖတ်ခန်းတို့တွင် ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပေး လျက်ရှိကြောင်း ပြောကြားခဲ့ပြီး ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ အရုပ်ဆက်နည်းပြိုင်ပွဲ၊ ချက်ထိုးနည်းပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲ၊ ပူပေါင်းဖောက် အားကစားနည်းစသည့် အားကစားပြိုင်ပွဲများ အား စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)