ဆားလင်းကြီးမြို့နယ် စည်ပင်သာယာမြို့မစျေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ဆားလင်းကြီး ဇန်နဝါရီ  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ၊ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်အတွင်းရှိ စျေးများ မီးဘေး အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာမြို့မစျေးအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ စျေးသူ/စျေးသားများနှင့် ပြည်သူ များ၊ သိရှိစေရန် ရှင်းလင်းပြောကြားခဲ့ပြီး အရေးပေါ်မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာသည့်အခါ မီးငြိမ်းသတ်ရေးကိရိယာများနှင့် မီးသတ်ဆေးဘူးများကို လက်တွေ့အသုံးပြု၍ စနစ်တကျ မီးငြိမ်းသတ် ခြင်းများ ဆောင်ရွက်တတ်စေရန် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊  မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ဝင်များနှင့် စျေးသူ/ စျေးသားများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မြို့နယ် (ပြန်/ဆက်)