သတင်းများ

တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြု ဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Feb 09,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်းမ၌ ဖေဖော်ဝါရီလ(၇) ရက်နေ့ ညနေ(၃)နာရီက အဆိုပါ ရုံးဝန်ထမ်းများက စာရေးဆရာ "နတ်သျှင်(ရွှေကူ)" ရေးသားထားသည့် " လူငယ်များကို ပျိုးထောင်ပေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
တောင်သူများ အကျိုးဖြစ်ထွန်းလာတော့မည့် ရေကြည်ပေါ်ဆန်းမွှေးထွက်ပေါ်လာပြီ
Feb 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဧရာဝတီပေါ်ဆန်းခေတ် ပြန်လည်ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ စီစဉ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပေါင်းစပ်ကာ ရေကြည်ပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချလျက်ရှိသော တောင်သူများ၊ ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များနှင့် ညှိနှိုင်းပေါင်းစပ်ကာ ဆောင်ရွက်လျက်ရှိသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ကန့်ဘလူ၌ဖြန့်ဝေ
Feb 09,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့် ဦးဆောင်၍ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီ ခွဲက အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းသားကျောင်းသူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူခုနစ်သောင်းကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးပြီးဖြစ်
Feb 09,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အမှတ်(၁၆)ရပ်ကွက် မြို့ဦးစေတီ၊ (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက်၊ (၄၇) ရပ်ကွက်ဓမ္မာရုံ တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက် သိရသည်။
သဘာဝပေါက်ပင်များဖြစ်သော ကိုင်းဘောခူးဆွတ် ရောင်းချသူ ဒေသခံ ရွာသူရွာသားများ မိသားစု အပိုဝင်ငွေရရှိ
Feb 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာ-ငွေဆောင်-သာပေါင်း-ငပုတော မြို့နယ် တောင်ကုန်း တောင်တန်းများတွင် သဘာဝအလျောက်ပေါက်သော ကိုင်းဘောများကို ခူးဆွတ်ရောင်းချသော ဒေသခံမိသားစုတို့ အပိုဝင်ငွေရရှိကြောင်း ပုသိမ်မြို့ရှိ ကိုင်းဘောအဝယ်ဒိုင် ဦးတင်လှိုင်ထံမှ သိရသည်။
ပဲခူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Feb 09,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး(အရှေ့) တိုင်းအဆင့် မြို့နယ်ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပဲခူးမြို့ အထက(၁) အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လောက်ကိုင်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ
Feb 09,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သံတွဲမြို့၌ Mobile Library မော်တော်ယာဉ်ဖြင့် ကျေးရွာများအရောက် စာအုပ်များ၍ ငှါးရမ်းပေး
Feb 09,2022
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်နှင့် ဝန်ထမ်းများသည် ပြည်သူများ စာအုပ်စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရေးအတွက် ယမန်နေ့ နံနက် ၁၁နာရီက Mobile Library မော်တော်ယာဉ်ဖြင့် ဇလွန်ကျေးရွာ မူလွန်ကျောင်းသို့ သွားရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ စာအုပ်များကို ငှါးရမ်း ပေးခဲ့သည်။