ပုသိမ် ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာ-ငွေဆောင်-သာပေါင်း-ငပုတော မြို့နယ် တောင်ကုန်း တောင်တန်းများတွင် သဘာဝအလျောက်ပေါက်သော ကိုင်းဘောများကို ခူးဆွတ်ရောင်းချသော ဒေသခံမိသားစုတို့ အပိုဝင်ငွေရရှိကြောင်း ပုသိမ်မြို့ရှိ ကိုင်းဘောအဝယ်ဒိုင် ဦးတင်လှိုင်ထံမှ သိရသည်။
ကျနော်တို့ဒေသမှာ မိုးရာသီကုန်ဆုံးပြီးချိန် သဘာဝအလျောက်ပေါက်သော ကိုင်းဘောများကို နိုဝင်ဘာလမှ စတင်ခူးဆွတ်ရောင်းချရာ ပေါ်ခါစ ကိုင်းဘောနုများ စျေးကောင်းရရှိကြောင်း လယ်ယာစိုက်ပျိုးပြီးချိန်၌ ကိုင်းဘောခူးဆွတ်ရောင်းခြင်း လုပ်ငန်းက ဒေသခံရွာသူရွာသား များအတွက် အပိုဝင်ငွေရရှိကြောင်း သိရသည်။
ကိုင်းဘောတစ်စီးကို ငွေကျပ် ၁၂၀၀၀ ကျပ် ရိုးတန်ရှည်တစ်စီးကို ငွေကျပ် ၁၆၀၀၀ ကျပ်ဖြင့် ဒိုင်အရောက် ပို့ဆောင်ပေးရသည်။ အဆိုပါ ကိုင်းဘောများကို ပုသိမ်အဝယ်ဒိုင်များမှ ရန်ကုန်မြို့ သတင်းပို့ရောင်းချကာ အချို့အဝယ်ဒိုင်များကတော့ သိုလှောင်ထားပြီး မိုးကျမှ စျေးကောင်းကိုစောင့်၍ ရောင်းချကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)