ကွမ်းခြံကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင် ရွက်ပေး
Feb 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား ဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ခေတ္တမြို့နယ်မှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်၊ ဦးဆောင်ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝ န်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်ရုံး ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က တော်ခရမ်း အနောက်ကျေးရွာအုပ်စု၊ မြတ်လေးရုံဘုန်းကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။