လောက်ကိုင်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ

လောက်ကိုင် ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပညာရေးဌာန ကျောင်း  (၃) ကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း၊ ဌာနဆိုင်ရာများမှ အားကစား ပြိုင်ပွဲများ ကျင်းပခြင်း၊ ရပ်ကွက်အလိုက်  အားကစားပြိုင်ပွဲများ ကျင်းပ၍ ပြိုင်ပွဲတွင်ဆုရရှိသူများအား ပြည်ထောင်စုနေ့ အခမ်း အနားတွင် ဆုများကိုပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ အသီးသီးအကြံပြု ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

နန်းမြမြဝင်း