တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြု ဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

တနိုင်း ဖေဖော်ဝါရီ ၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်းမ၌ ဖေဖော်ဝါရီလ(၇) ရက်နေ့  ညနေ(၃)နာရီက အဆိုပါ ရုံးဝန်ထမ်းများက စာရေးဆရာ "နတ်သျှင်(ရွှေကူ)" ရေးသားထားသည့် "  လူငယ်များကို ပျိုးထောင်ပေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

 ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦးက စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရန်၊ စာပေအကြောင်း အရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဦးဖေအောင်- စာကြည့်တိုက်လက်ထောက်-၃က "မိတ်ဆွေကောင်းနှင့် ခရီးသွားပါ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ဂျာအောင်လု-ရုပ်သံ၃(ပြ)က "စာဖတ်ခြင်း အတတ်ပညာ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးရှမ်းဝှမ်း ရုံးအကူက "လူငယ်နှင့်အချိန်၏တန်ဖိုး" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူးက ပြန်လည် ဖြည့်စွက်ဆွေးနွေးပြီး  စာဖတ်ဝိုင်းကို လစဉ်ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)