Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ဂုဏ်ပြုကြိုဆို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင် ဓါတ်ပုံပြပွဲနှင့် အလယ်တန်းအဆင့် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲ နမ္မတူမြို့နယ်၌ ကျင်းပပြုလုပ်
Feb 09,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နမ္မတူမြို့နယ် ရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုကြိုဆို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ဓါတ်ပုံပြပွဲနှင့် အလယ်တန်းအဆင့် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ် ကမာဝက်မြို့တွင် ကမ္မဋ္ဌာနာစရိယ ဓမ္မကထိက ဘဒ္ဒန္တ သုဓမ္မ မထေရ်မြတ်၏ အန္တိမအဂ္ဂိစျာပန သာဓုကီဠန ပူဇာသဘင်ကျင်းပ
Feb 09,2022
ကမ္မဋ္ဌာနာစရိယ ဓမ္မကထိက၊ ဘဒ္ဒန္တ သုဓမ္မ မထေရ်မြတ်၏ အန္တိမအဂ္ဂိ စျာပန သာဓုကီဠနပူဇာ သဘင် အခမ်းအနားကို ၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက်၊ ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းက ကမာဝက်မြို့ သင်္ချိုင်းကြီးရှိ ဘုန်းကြီးပျံ နတ်ဗိမာန်ပြာသာဒ်တွင် ဆင်ယင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ
Feb 09,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကာသိပ္ပံကျောင်းမြေနေရာ အဝင်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်
Feb 09,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ၌ အသစ်တည်ဆောက်ဖွင့်လှစ်သွားမည့် အားကာသိပ္ပံကျောင်းမြေနေရာနှင့် ကျောင်းအဝင်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား Booster ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Feb 09,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား Booster ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြစ်ကြီးနားမြို့ရှိ မေခနှင့် မလိခ ဝန်ထမ်းအိမ်ရာစခန်းတို့၌ (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်များဖွင့်ပွဲကျင်းပ
Feb 09,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပြီးစီး ခဲ့သည့် မေခအိမ်ရာစခန်းရှိ (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦ (၂)လုံးနှင့် မလိခဝန်ထမ်းအိမ်ရာ စခန်းဝင်းအတွင်း (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ် (၂)လုံးဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 09,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေး(၃/၂၀၂၂) ကို ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး တတိယအကြိမ်လုပ်ငန်းညှိနိုင်း အစည်းအဝေးနှင့် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Feb 09,2022
စစ်ကိုင်းတိုင်းဒေသကြီး (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ (၈)ရက်၊ မွန်းလွဲပိုင်းကတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ (၇၅)နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21041
Page
21042
Page
21043
Page
21044
Current page
21045
Page
21046
Page
21047
Page
21048
Page
21049
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department