တောင်ကုတ်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopherm)အား ထိုးနှံပေးလျက်ရှိ
Feb 09,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု၊ ရောဂါကြောင့် သေဆုံးမှု၊ ရောဂါကူးစက်ခံရမှုများ လျော့နည်းစေရန် ရည်ရွယ်၍၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန် က သိမ်တောင်ရပ်ကွက်မှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူအသက် ၁၈ နှစ်နှင့် အထက်အား ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopherm)အား သိမ်တောင်ရပ်ကွက် ပညာဒါနကျောင်း၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။