ပဲခူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ပဲခူး   ဖေဖော်ဝါရီ  ၉


၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး(အရှေ့) တိုင်းအဆင့် မြို့နယ်ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပဲခူးမြို့ အထက(၁) အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် “ပြည်ထောင်စုနေ့ မိခင်မှာသ‌န္ဓေတည် လွတ်လပ်ရေးနေ့အမွေကို မွေးဖွားသည်”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာနှင့်ပန်းချီပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးခင်အောင်ရီနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအေးကျော်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများမှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)