သတင်းများ

လက်ပံတန်းမြိုနယ်၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ/အစားထိုး ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကျင်းပ
Feb 09,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း သာသနာ ၂၅၆၅ ခုနစ် ကောဇာသက္ကရာဇ် ၁၃၈၃ ခု သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ/အစားထိုး ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကို ယမန်နေ့က ဘုရားကြီးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို စစ်တုရင်ပြိုင်ပွဲ ဆောင်ရွက်
Feb 09,2022
အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင် စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဉာဏစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက အလယ်တန်းအဆင့် စစ်တုရင်ပြိုင်ပွဲ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်
Feb 09,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ဖေဖော်ရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့၊ အမှတ်(၂)အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ သွားရောက်ပြီး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၌ (၇၅)နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ် (Talk Show) ကျင်းပ
Feb 09,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီး ဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ယမန်​နေ့ နံနက် ၁၀ နာရီအချိန်က (၇၅)နှစ်​မြောက်စိန်ရတု ပြည်​ထောင်စု​နေ့ အထိမ်းအမှတ် (Talk Show) ကျင်းပ​​ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Feb 09,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ယမန်နေ့နံနက် ၁၀နာရီခွဲက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့သည်။
မိုင်းဖြတ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုနေ့နှင့် စာပေရသအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်
Feb 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စု နေ့ သမိုင်းအကြောင်း သိကောင်းစရာများနှင့် စာပေရသအကြောင်း အသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြပြုဗဟိုဌာန ကျင်းပပြုလုပ်ခဲ့သည်။
ပန်း​တောင်းမြို့နယ်တွင် (၇၅)နှစ်မြောက်ပြည်‌‌ထောင်စု‌နေ့အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲနှင့်‌ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပြုလုပ်
Feb 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မူလတန်းအဆင့်ပန်းချီ ပြိုင်ပွဲနှင့်‌ ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။