ကန့်ဘလူ ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့် ဦးဆောင်၍ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီ ခွဲက အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းသားကျောင်းသူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့ အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံမြို့ စော်ဘွားများထမင်းစားပွဲတွင် ပြောကြားသော စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင် မိန့်ခွန်း ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်အခြေအနေ အရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ပင်လုံမြို့၌ သမိုင်းဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားကိုယ် စားလှယ် ၂၃ ဦးတို့၏ အမည်များ၊ ပြည်ထောင်စုသား ဒို့လက်များသည် ကဗျာနှင့်တစ်ကွက် ကာတွန်းများပါဝင်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)