ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူခုနစ်သောင်းကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးပြီးဖြစ်

ရန်ကုန် ဖေဖော်ဝါရီ  ၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အမှတ်(၁၆)ရပ်ကွက် မြို့ဦးစေတီ၊ (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက်၊ (၄၇) ရပ်ကွက်ဓမ္မာရုံ တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက် သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရုရှားနိုင်ငံထုတ် (Sputnik Vaccine)  ကာကွယ်ဆေးထိုးနှံသူ ၇၁၀ ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံထုတ် (Sputnik Vaccine) ကာကွယ်ဆေးကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဇန်နဝါရီ ၂၁ ရက်နေ့တွင် စတင်ထိုးနှံပေးခဲခြင်းဖြစ်ပြီး မြို့နယ်အတွင်း ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၈၁၆၀၈ ဦးနှင့် အကြိမ်ပြည့်ထိုးနှံပြီးသူ ၇၂၆၉၉ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သိရသည်။

ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မူမြင့်တို့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်း ချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရပဟိတ အသင်းအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ  ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ရီ