သံတွဲ ဖေဖော်ဝါရီ ၉
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်နှင့် ဝန်ထမ်းများသည် ပြည်သူများ စာအုပ်စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရေးအတွက် ယမန်နေ့ နံနက် ၁၁နာရီက Mobile Library မော်တော်ယာဉ်ဖြင့် ဇလွန်ကျေးရွာ မူလွန်ကျောင်းသို့ သွားရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ စာအုပ်များကို ငှါးရမ်း ပေးခဲ့သည်။
ထိုသို့ ငှါးရမ်းရာတွင် ကျေးရွာနေ ပြည်သူများ ဆရာ၊ ဆရာမများမှ အားရဝမ်းသာစွာဖြင့် Mobile Library မော်တော်ယာဉ်သို့ လာရောက်ပြီး သုတ/ရသ စာအုပ်များကို ငှါးယူကြရာ တစ်ယောက်လျှင် နှစ်အုပ်နှုန်းဖြင့် တစ်ပတ်ကြာ ငှါးရမ်းပေးခဲ့သည်။
ယခုကဲ့သို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက် ငှါးပေးခြင်းမှာ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာစောင်များကို လွယ်ကူစွာ ဖတ်ရှုလေ့လာနိုင်ပြီး အသိပညာ ဗဟုသုတများ တိုးပွါးလာစေရေးတို့အတွက် ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။
ခရိုင်(ပြန်/ဆက်)