သတင်းများ

သီပေါမြို့နယ် စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်
Feb 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပန်းတိမ်တောင်ရပ်ကွက်၊ နယ်မြေ(၈)တွင် မြေသားလမ်းမှ ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြင်စလူမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက် နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ပြင်စလူမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။ 
ပုလောမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူလတန်းကြိုကျောင်း၌ ကလေးများ၏ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Feb 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် လူမှုဝန်ထမ်းဦစီးဌာန၊ မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူလတန်းကြိုကျောင်းတွင် ကလေးများ၏ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ဝန်းသိုမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကတ္တရာလမ်းသစ်ဖွင့်ပွဲပြုလုပ်
Feb 09,2022
၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လ.ဝ.ကရုံး အနောက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မြကန္တာရပ်ကွက် အဆိုပါလမ်း မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူ များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Feb 09,2022
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စတီးစာအုပ်စင်(၃)စင် လာရောက်လှူဒါန်း
Feb 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ဖွင့်လှစ်လျက် ရှိသော ပြည်သူ့စာကြည့်တိုက်တွင် အသုံးပြုနိုင်ရန်အတွက် စတီးစာအုပ်စင်(၃)စင်ကို ယမန်နေ့က ပုလောမြို့နယ် ပြည်သူ့ စာကြည့်တိုက်တွင် လာရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိ
Feb 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက်ပိုင်းက တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် သမဝါယမ ဦးစီးဌာနသို့သွားရောက် ဆောင်ရွက်ပေးခဲ့သည်။
ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို Mobile စနစ်ဖြင့် ကွင်းဆင်း၍ ဆက်လက် ထိုးနှံပေး
Feb 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရာ ယနေ့ နံနက်(၉) နာရီ က ပုလောမြို့ အမှတ် (၄)ရပ်ကွက်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို Mobile စနစ်ဖြင့် ကွင်းဆင်း ၍ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။