(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ‌ဟောပြောပွဲကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြင့်ခြင်းနှင့် ‌ဟောပြောပွဲကို ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၉) နာရီခွဲက ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးက အဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို (ကသာ)က စာစီစာကုံးပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ မြစ်ငယ်ကျော်မော်က ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အကြောင်း အရာများ အား ဟောပြောခဲ့ပြီး (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရိုသည့် ကျောင်းသား၊ ကျောင်းသူများ အား အမှတ်တရဆုတံဆိပ်နှင့် စာရေးဆရာအကြီးကိုကို(ကသာ)ရေးသားသည့် သားနဲ့သမီးဖတ်ဖို့စာ စာအုပ် (၁)အုပ်စီ အမှတ်တရ လက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ‌ဟောပြောပွဲအား မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက် ကြောင်းနှင့် ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလအတွင်း (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြင်/အရုပ်ခေါက်၊ စာဖတ်ဝိုင်းနှင့် စာအုပ်/စာစောင်ပြပွဲများအား ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် စာပေစကား ဝိုင်း ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)