ပျော်ဘွယ်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ ၁၁

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံ ပညာအလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုး က ပြပွဲ၊ ပြိုင်ပွဲများကျင်းပရခြင်းအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ က ပုံပြင်ပြောပြိုင်ပွဲတွင် ပါဝင်ရမည့်စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၃)ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃)ဦး စုစုပေါင်း(၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို ဖေဖော်ဝါရီလ(၁၆)ရက် နေ့တွင်ပြုလုပ်မည့် အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)