သာစည် ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး သာစည်မြို့၌ လူမှုဖူလုံရေးအဖွဲ့ရွေ့လျားဆေးကုသယာဉ်(Mobile Medical Unit_MMU)ဖြင့် မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ အာမခံအရာထမ်း အမှုထမ်းများနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများ၊ ကုမ္ပဏီများ၊ ဘဏ်များစသည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းများမှ အာမခံအလုပ်သမားများအား ယနေ့နံနက် ၉ နာရီကစတင်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ရွေ့လျားဆေးကုသယာဉ်ဖြင့် ဆေးကုသမှုပေးသော ကျန်းမာရေးဝန်ထမ်းများက အာမခံဝန်ထမ်းများနှင့် အာမခံအလုပ်သမားများအား သွေးစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ECG ရိုက်ခြင်း၊ ဆေးကုသမှုပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အကြံပြုအသိပညာပေးခြင်းများ ဆောင်ရွက်ပေးရာ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးကြောင်းသိရသည်။
ထွန်းထွန်း(သာစည်)