ပဲခူးမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချခွင့်ပေးထားသည့် စားအုန်းဆီများအား အမှန်တကယ်သုံးစွဲမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေး

 ပဲခူး ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဘုရားကြီးမြို့နယ်အတွင်းရှိ အကြော်မျိုးစုံဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများအား မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချခွင့်ပေးထားသည့် စက်မှုလုပ်ငန်းသုံးဆီများ အမှန်တကယ်သုံးစွဲခြင်း ရှိ၊ မရှိကို ယနေ့နံနက်ပိုင်းက ဘုရားကြီးမြို့၊ အမှတ် (၃) ရပ်ကွက်နှင့် ပေါက်တောကျေးရွာများရှိ အကြော်စုံအမျိုးမျိုး ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းခွင်များ၌ ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။

ဘုရားကြီးမြို့နယ်အတွင်းရှိ အကြော်မျိုးစုံ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦဇော်ဝင်း၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်အောင်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးဦးစီးဌာန၊ အသေးစား အလတ်စားစက်မှုလုပ်ငန်းဦးစီးဌာန၊ ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ဘုရားကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမိုးသက်တို့မှ ပူးပေါင်း၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချခွင့်ပေးထားသည့် စားအုန်းဆီများအား အမှန်တကယ်သုံးစွဲ၍ ကြော်လှော်ထားသည့် အကြော်မျိုးစုံ၊ မုန့်မျိုးစုံအား ထုပ်ပိုးနေမှုအခြေများ၊ ဖြန့်ဖြူးရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)