သတင်းများ

မြိတ်တက္ကသိုလ်တွင် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ ကျင်းပ
Jul 14,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် တိုင်းရင်းသားများ၏ စာပေ၊ ဘာသာ စကား၊ ရိုးရာ ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ တိုင်းရင်းသားအချင်းချင်း အပြန်အလှန် လေ့လာဖလှယ် ရန်၊ နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်‌စေရန်အတွက် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲကို ဇူလိုင် (‌၁၄)ရက် နံနက်ပိုင်းက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယိုးဒယားကြိုးများဖြင့် လူသုံးကုန်ခြင်းယက်လုပ်နည်းသင်တန်းဖွင့်
Jul 14,2026
စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေတိုးတက်စေရန် ရည်ရွယ်၍ ယိုးဒယားကြိုးများဖြင့် လူသုံးကုန်ခြင်းယက်လုပ်နည်းသင်တန်းဖွင့်ကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါရုံး၌ ကျင်းပသည်။
တွန်းဇံမြို့နယ် ပြန်လည်ထူထောင်ရေးနှင့်ပြည်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးအဆောက်အဦ ပျက်စီးမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 14,2026
ချင်းပြည်နယ် တွန်းဇံမြို့၌ မြို့နယ်ပြန်လည်ထူထောင်ရေးနှင့်ပြည်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက် နံနက် ၁၁ နာရီအချိန်က ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရန် တီးတိန်−တွန်းဇံလမ်း တွန်းဇံမြို့အဝင် မိုင်တိုင်၄၂/၄၃ ကြား လမ်းဘေးဝဲယာချုံပုတ်များ ပေါင်းမြက်များ ရှင်းလင်းဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ပြည်သူများကြိုတင် သတိပြုနေထိုင်စေရေးသတိပေးနှိုးဆော်
Jul 14,2026
 စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားလာနိုင်သဖြင့်မြေနှိမ့်ပိုင်းများနှင့် ရေဝင်ရောက်နိုင်သည့်နေရာများ တွင်နေထိုင်ကြသည့် ပြည်သူများကြိုတင် သတိပြုနေထိုင်စေရေးအသိပေးနိုးဆော်မှုကိုယနေ့ နံနက် (၈)နာရီခွဲအချိန်က ဟုမ္မလင်းမြို့အနီး တဝိုက်ချင်းတွင်းမြစ်ကမ်ဘေး တစ်လျှောက် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျုံပျော်မြို့နယ်၌ မှုခင်းကျဆင်းရေးအသိပညာပေဟောပြောပွဲပြုလုပ်
Jul 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စု၊ တောက်တဲ့ရိုးကျေးရွာ ခရစ်ယန်ဘုရားကျောင်းခန်းမတွင် ဇူလိုင်လ ၁၃ ရက် နေ့လယ်က ပြည်သူအခြေအနေပြု ရဲလုပ်ငန်းစဉ် ဖြစ်သော ရပ်ရွာတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ၊ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို  ကျင်းပပြုလုပ်သည်။
မြင်းမူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 14,2026
မြင်းမူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြင်းမူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအလယ် တန်းကျောင်းခွဲ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မြင်းမူမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပးဟောပြော
Jul 14,2026
မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မြင်းမူမြို့၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများနှင့် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ တွေ့ဆုံပွဲကျင်းပ
Jul 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းဝေးခန်းမတွင်ကျင်းပခဲ့သည်။