မြို့သစ်မြို့နယ်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မြို့သစ် ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကိုပြောကြား၍ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း  (Book Club)အဖွဲ့ဝင် ဆရာဦးတင်မောင်ဝင်းက အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့မှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၄)ဦးတို့က ကဗျာဆရာ မျိုးမြတ်မြတ်မြင့်မောင်၏ “အာဇာနည်များ ထိုလမ်းစဉ်” ကဗျာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဇူလိုင်လ(၁၉)ရက်နေ့ အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)