မြင်းခြံမြို့၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မြင်းခြံ ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်အေးအေးနွဲ့က ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် အမှတ်ပေး စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပရာ မြင်းခြံမြို့နယ်အတွင်း အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများက ယှဉ်ပြိုင် ခဲ့ကြသည်။

အဆိုပါ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ သို့ ကျောင်းသား/ ကျောင်းသူ ၂၀  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဇူလိုင် ၁၇ ရက်တွင် ဆုချီးမြှင့်ပွဲပြုလုပ်၍ ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)