ညောင်ဦး ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီက (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုင်ပြိုင်ပွဲကျင်းပသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရခြင်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ၏ တစ်ဦးချင်းစီအလိုက် မြန်မာတစ်မျိုးသားလုံးလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများနှင့်အာဇာနည်နေ့ဖြစ်ပေါ်လာပုံတို့အား အသိပညာပေးပြောကြားသည်။
ဆက်လက်၍ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲအား ပြိုင်ပွဲစည်းကမ်းချက်များနှင့်အညီ ကျင်းပရာ ကျောင်းသားကျောင်းသူ ၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း၊အဆိုပါ ကဗျာရွတ်ပြိုင်ပွဲဝင်များထဲမှ ဆုရရှိသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
(၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန၊ ရွှေဂူမိဘမဲ့ပရဟိတ မူလတန်းလွန်ကျောင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
ဒီပါလင်း