သတင်းများ

မူဆယ်မြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Jul 15,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ကလေးများအရုပ်ဆက်ခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ
Jul 15,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိူင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ်များကို မမေ့အပ်ဘဲ အစဉ်အမြဲတန်ဖိုးထားတက်စေရန် (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင် ၁၅ ရက်နံနက် ၉ နာရီခွဲက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အုတ်ဖိုမြို့နယ်တွင် အသား၊ ငါးများ ရည်ညွှန်းစျေးနှုန်းနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေး
Jul 15,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အသား၊ ငါးများ ရောင်းချလျက်ရှိသော အရောင်းဆိုင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်ဦးဆောင်မှုဖြင့် မြို့နယ်ကုန်စျေးနှုန်းကြီးကြပ်မှုကော်မတီမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အောင်လံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၊ ကသစ်ကန်ကျေးရွာအား ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jul 15,2026
​မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလအတွင်း ပြည်သူ့အခြေခံလိုအပ်ချက်များကိုရှေးရှု၍ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်နှင့် “Quick Win”လုပ်ငန်းများကို အကောင်အထည်ဖော်ရန် ရက်(၁၀၀)စီမံချက် (Work Plan) အရ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့တွင် ပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကော့သောင်းခရိုင်/မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့နှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်၍ ကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Jul 15,2026
တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်သည် ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင်/မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့နှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။
တွံတေးမြို့နယ်တွင် မိုးစပါးရာသီ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသ​ခြင်းနှင့် မျိုးစေ့၊ ဓာတ်မြေသြဇာပေးအပ်ပွဲ ကျင်းပ
Jul 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်မိုးစပါးရာသီ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသ​ခြင်းနှင့် ကွင်းသရုပ်ပြပွဲ တောင်သူအသိပညာပေးလုပ်ငန်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှဦးဆောင်ကာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကုလားတန်းကျေးရွာအုပ်စုရှိ လှေလမ်းကွင်း၊ ဦးပိုင်အမှတ် (CN-၈) တောင်သူ ဦးစိုးနိုင်(ခ)ဦးအောင်မြင့်စိန်၏ လယ်မြေစိုက်ဧက (၅.၁၅) ဧကတွင် ဆင်းသုခစပါးမျိုးစိုက်ပျိုးမှုကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ဥပဒေအသိပညာပေးပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပေးပြန့်ပွားရေးဆရာဖြစ်သင်တန်း (Training of Trainers-TOT) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့  အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေးအထက်တန်းကျောင်း၌စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်စကားဝိုင်း ကျင်းပ
Jul 14,2026
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်၍ ကျောင်းသားကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇွန် ၁၄ ရက် နံနက်(၁၀)နာရီက  ထောင်ခမက်ကျေးရွာအုပ်စု  အောက်လိပ်ကျေးရွာ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေး အထက်တန်းကျောင်း၌ ကျင်းပသည်။