သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့၀င်များလေ့ကျင့်ရေး(မွမ်းမံ)  သင်တန်းဖွင့်လှစ်
Oct 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက မြို့နယ်နေ ပြည်သူများအား လျှင်မြန်စွာအချိန်မီ ကူညီကယ်ဆယ်နိုင်ရေးအတွက် စွမ်းရည်ပြည့်၀သည့်မီးသတ်တပ်ဖွဲ့၀င်များ အသင့်ဖြစ်နေစေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သရုပ်ဖော်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Oct 14,2025
၂၀၂၅ခုနှစ် အောက်တိုဘာ(၁၃)ရက်နေ့၌ ကျရောက်သော “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်” သရုပ်ဖော်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို အောက်တိုဘာ  ၁၃ ရက်နေ့ နံနက် ၁၀ နာရီက မြိတ်မြို့ အ-ထ-က(၁) ပညာ့ဗိမာန်ခန်းမတွင် မြိတ်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ သည်။
နမ့်စန်မြို့ ပန်လင်းဆိုင်ကျေးရွာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅)ဖွင့်လှစ်
Oct 14,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနကဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီက ဝမ်ပိန်းကျေးရွာအုပ်စု ပန်လင်းဆိုင်ကျေးရွာရှိ မတ်ကျန်းဌာနေပြည်သူ့စစ်ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်
Oct 14,2025
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် အဂတိလိုက်စားမှုတာဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းကို အောက်တိုဘာလ ၁၃ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်း၌ ဆောင်ရွက်ခဲ့သည်။
ဖျာပုံမြို့နယ်တွင် ကော်ဖီပင်ဧက(၁၀၀) စိုက်ပျိုးသွားမည်
Oct 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ တောင်သူများ ကော်ဖီသီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး၊ သီးနှံစွမ်းအားတိုးတက်မြင့်မားလာစေရေး၊နှစ်ရှည်သီးပင်များကြားတွင် ကော်ဖီပင် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်ဧရိယာ တိုးတက်ကာ မြန်မာ့ကော်ဖီ ကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်နိုင်စေရန်ရည်ရွယ်၍ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် စုပေါင်းစိုက်ပျိုးခြင်းကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာအုပ်စု၊ မယ်ညိုကျေးရွာ၊ ကွင်းအမှတ်(၄၅၆)၊ ဦးပိုင်အမှတ် ၂၅/၇ရှိ တောင်သူဦးမျိုးမြင့်၏ ဥယျာဥ်ခြံမြေတွင် ပြုလုပ်ခဲ့သည်။
ငရုတ်ကောင်းမြို့(အ-ထ-က)ကျောင်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးဆောင်ရွက်
Oct 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ (အ-ထ-က)ကျောင်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၁ နာရီက လိုက်လံစစ်ဆေးခဲ့ကြသည်။
ရေကြည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် အောင်နိုင်တိုးစပါးမျိုးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Oct 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ဆီဆုံကုန်းကျေးရွာအုပ်စု၊ ဆီဆုံကုန်းရွာရှိ တောင်သူဦးနိုင်ဝင်းဆွေ၏ လယ်မြေတွင် ၂၀၂၅-၂၀၂၆ ခုနှစ် အောင်နိုင်တိုးစပါး မျိုးစံကွက်ရိတ်သိမ်းပွဲကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် (၉)နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်
Oct 14,2025
ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ အောက်တိုဘာ ၁၃ ရက်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး ဒေသတွင်း သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တက်ကြွစွာပါဝင်ကူညီဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းများအားလုံးကို ဂုဏ်ပြု ချီးမြှင့်ခဲ့ကြသည်။