နာဂဒေသ လဟယ်မြို့၌ လူငယ်ရေးရာအသိပညာပေး‌ ဟောပြာပွဲ ကျင်းပ

လဟယ် ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်  လဟယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျာင်းခန်းမ၌ ကျင်းပပါသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရှားဆက်က ဆိုရှယ်မီဒီယာ၏ ကောင်းကျိုး ဆိုးကျိုးနှင့် သတင်းအမှားအမှန် ဝေဖန်ပိုင်းခြားစေရန် ခေါင်းစဉ်ဖြင့်ဟောပြောပြီး လဟယ်မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှမြို့နယ် ဦးစီးမှူး ဦးပါမင်းလှိုင်ပူက သဘာ၀ဘေးအန္တရာယ် ကြိုတင်ကားကွယ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး‌‌ဟောပြောပါသည်။

အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ၊ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျာင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)