သတင်းများ

ပလောက်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းကောင်းများ အသိပညာပေးနှိုးဆော်
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ယနေ့ နံနက်၁၁ နာရီအချိန်က  ပလောက်မြို့ ရပ်ကွက်နှင့်ကျေးရွာများ၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 10,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး မုန်းသီတာခန်းမ၌ ကျင်းပသည်။
ကျောက်မဲမြို့နယ်တွင်  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Dec 10,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများက မြို့နယ်အတွင်း ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး များ မဖြစ်မနေထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ  ယမန်နေ့က မြို့ပေါ်နှင့်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 10,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက်၁၁နာရီက စာအုပ် စာပေချစ်မြတ် နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပသည်။
ဒေးဒရဲမြို့၌ မီးဘေးလုံခြုံရေးကြီးကြပ်မှုအဖွဲ့ ပြင်ဆင်ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးလုံခြုံရေး ကြီးကြပ်မှု ကော်မတီ ပြန်လည်ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ငါ့သရောက်မြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းနေမှု တာဝန်ရှိသူများ ကွင်းဆင်းလေ့လာကြည့်ရှု
Dec 10,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ယခုနှစ်မိုးဦးကာလက စတင် စိုက်ပျိုးခဲ့သော မိုးကောင်း သောက်စပါးများစတင်ရိတ်သိမ်းလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ သည် တောင်သူ ဦးနီတို၏ လယ်ကွက်မှစပါးရိတ်သိမ်းနေမှု အခြေအနေများကို ကွင်းဆင်း လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဘားအံခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် Onlineမှ တစ်ဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေး
Dec 10,2021
ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Page တွင် စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား/ကျောင်းသူများ၊ ကလေးငယ်များ ဗဟုသုတ ရရှိစေရန်နှင့် ကာယဉာဏဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို နေ့စဉ်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
မိုင်းရယ်မြို့နယ် စုရပ်အသီးသီးမှ ဦးတည်အုပ်စုများအလိုက် ပဉ္စမအသုတ်(Phase -5) အထိ ခွဲ၍ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ
Dec 10,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ် အထက်ရှိသူများအား ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ မိုင်းရယ်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ မန်ကျောင်းကျေးလက်ကျန်းမာရေးဌာနခွဲ၊ မန်စန့်ကျေးလက် ကျန်းမာရေးဌာနခွဲ၊ ဟိုတိ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ လုတ်ခိုက်ကျေးလက် ကျန်းမာရေးဌာနခွဲနှင့် လုံလိုင်းကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် ပြည်သူ(၆၁၅) ဦးအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။