ကျိုက်ဒုံ ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက်၁၁နာရီက စာအုပ် စာပေချစ်မြတ် နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင် မှ စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများ၊ စာပေချစ်မြတ်နိုးသူများ အချင်းချင်း တစ်ဦးနှင့် တစ်ဦး အတွေးအမြင်များ၊ရသများ ဖလှယ်ခွင့် ရရှိစေရန်အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ် ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော ''လူငယ်နဲ့ အခွင့် အလမ်း'' စာအုပ်ဖြင့် စာအုပ်ပါအကြောင်းအရာများကို ကျိုက်ဒုံမြို့(ပြန်/ဆက်) ဦးစီးမှူးမှ ဦးဆောင် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ မိမိတို့ ကြိုက်နှစ် သက်သည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)