သတင်းများ

ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဝိုင်းမော်မြို့နယ်အတွင်း စိန့်ဂျိုးဇက်IDPs စခန်းမှ အိမ်ထောင်စု(၂၁)စုတို့အား မိုင်းနားအူရီမုန်ရာယန်နယ်မြေသို့ ပြောင်းရွှေ့နေရာချထားပေးပြီး  ထောက်ပံ့ပေးအပ်
Dec 11,2021
ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်က ဝိုင်းမော်မြို့နယ်အတွင်း စိန့်ဂျိုးဇက် IDPs စခန်းမှအိမ်ထောင်စု (၂၁)စုတို့အား မိုင်းနားအူရီမုန်ရာယန်နယ်မြေသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့ပေးအပ်မှုများကို ဒီဇင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Dec 11,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် လွတ်လပ်ရေးနေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (ပန်းစုံ)တို့ပူးပေါင်း၍ အခြေခံ ပညာ အထက်တန်း အဆင့်နှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါ ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ် တွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေပေးအပ်
Dec 11,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်တွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေပေးအပ်ပွဲကို ယမန်နေ့ နံက်ပိုင်းက ကျောက်ဖူးကျေးရွာအုပ်စုဘင်္ဂကျေးရွာတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
ဒက္ခိဏသီရိမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 11,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများသို့ ယ​နေ့ နံနက်ပိုင်း တွင် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်၍ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။
မိုင်းငေါ့မြို့တွင် အသက် (၁၈)နှစ် အထက်ပြည်သူ များ အားပထမအကြိမ်  (၆)ရက်မြောက် နေ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 11,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊မိုင်းငေါ့ မြို့တွင် ယမန်နေ့ နံနက် ၉ နာရီ အချိန် ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး အသက်(၁၈)နှစ် အထက်ပြည် သူများအား ပထမအကြိမ်(၆)ရက်မြောက်နေ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့် ဘာသာရေး အဖွဲ့အစည်းများထံ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး အစီအစဉ်တွင် ပူးပေါင်းပါကြရေး တိုက်တွန်းဆွေးနွေး
Dec 11,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော် ရဟတ် ယာဉ်ဖြင့် ဗန်းမော်မြို့သို့ ရောက်ရှိပြီး ပရိယတ္တိစာသင်တိုက်များ၊ ဘာသာရေး အဖွဲ့အစည်းများ နှင့် သွားရောက်တွေ့ဆုံလှူဒါန်းခဲ့ကြသည်။
ဟိုပန်၌ "ပန်းခင်း"စီမံချက် ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ဆောင်ရွက်
Dec 11,2021
​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင်"ပန်းခင်း" စီမံ ချက်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်အား ယနေ့နံနက် ၉ နာရီအချိန်က လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုပန်မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက  လူစည် ကားရာနေရာဖြစ်သည့် ဟိုပန်မြို့မစျေးကြီးတွင် အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့​ကြောင်းသိရသည်။